skip to content
 
မော်လိုက် ဩဂုတ် ၂၁
 
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက မော်လိုက်မြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
 
ဖွင့်ပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးမှ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုသိန်းက အမှာစကား ပြောကြားခဲ့ပြီး ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီကြသည့် အောင်ကောင်းမြတ် ရေယာဉ်နှင့် ရွှေမော်လိုက် ကားအသင်းတို့အား တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ခဲ့ကြသည်။
 
 
 
အဆိုပါ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ အလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ရပ်ကွက်/ကျေးရွာ ကိုယ်စားပြုအသင်း (၁၁) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကွင်းဖွင့်ပွဲအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး လွှတ်တော်ကိုယ်စားလှယ်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည့် Old Service အသင်းနှင့် ကင်းတပ်ကျေးရွာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ကင်းတပ်ကျေးရွာအသင်းမှ ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
 
မော်လိုက်သားလေး

back to top Eng