skip to content

နေပြည်တော်၊အောက်တိုဘာ (၃၁)ရက်။      

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ ယနေ့ပွဲစဉ်များအဖြစ် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း(၃)၌ နံနက်(၇)နာရီခွဲအချိန်တွင် ကယားပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ကယားပြည်နယ်အသင်းမှ (၅)ဂိုး ဂိုးမရှိဖြင့်် လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း(၁)၌ ညနေ(၃)နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၂)ဂိုး (၁)ဂိုးဖြင့််လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ (၁၂)ဂိုး ဂိုးမရှိဖြင့်် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။

(၁.၁၁.၂၀၁၉)ရက်နေ့တွင် အုပ်စုပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့သည် လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ အသီးသီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့်  ဘောလုံးအားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှု့နိုင်ပါကြောင်း သတင်းရရှိပါသည်။
 


back to top Eng