နေပြည်တော်၊နို၀င်ဘာ(၄)ရက်။ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သော ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲများကို ယနေ့နံနက်(၈) နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ်ရာ ယနေ့ပွဲစဉ်များအဖြစ် (၉)ယောက်တွဲအကြီးတန်း ပြိုင်ပွဲ၊ တစ်ဦးချင်းပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲ၊ (၉)ယောက်တွဲအငယ်တန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာ၀န်ရှိသူများမှ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
အဆိုပါ ပြိုင်ပွဲကို (၅.၁၁.၂၀၁၉)ရက်နေ့တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ (၉)ယောက်တွဲ အကြီးတန်းပြိုင်ပွဲ၊ တစ်ဦးချင်းပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြမည် ဖြစ်ရာ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်၍ အားကစားကိုစိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု နိုင်ပါကြောင်း သိရှိရပါသည်။