skip to content
ကွာလာလမ်ပူ၊ သြဂုတ်လ (၂၇)ရက်။
 
မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂ဝ၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို ကွာလာလမ်ပုူမြို့ရှိ အားကစားကွင်း၊ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ Titiwangsa အားကစားရုံ၌ ကျင်းပပြုလုပ်သော အမျိုးသမီးပိုက်ကျော်ခြင်း(၂)ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂)ပွဲပြတ်ဖြင့် မြန်မာအသင်းရှုံးနိမ့်ကာ ပူးတွဲတတိယကြေးတံဆိပ်ဆုသာ ဆွတ်ခူးရရှိခဲ့ပါသည်။
 
ဆက်လက်၍ အမျိုးသားပိုက်ကျော်ခြင်း (၂)ယောက်တွဲပြိုင်ပွဲ အမှတ်ပေးပတ်လည် နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအမျိုးသားအသင်းနှင့် ကမေ္ဘာဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ပထမရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။
 
 
ဆက်လက်၍ KICC Convention Center Hall (5)  ၌ကျင်းပပြုလုပ်သော ဂျုဒိုပြိုင်ပွဲ အမျိုးသမီး(-၇၈)ကီလိုတန်းတွင် မြန်မာမှ ဖြိုးဆွေဇင်ကျော်သည် ဗီယက်နမ်အားကစားသမား ကိုလည်းကောင်း၊ အမျိုးသား(-၈၁)ကီလိုတန်းတွင် မြန်မာမှ ချမ်းမင်းမင်းကိုမှ အင်ဒိုနီးရှား အားကစားသမားကိုလည်းကောင်း အသီးသီး ရှုံးနိမ့်ခဲ့ပါသည်။ ဆက်လက်ပြီး အမျိုးသမီး(-၇၈) ကီလိုတန်းပြိုင်ပွဲတွင် မြန်မာမှ အေးအေးအောင်သည် ကွာတာဖိုင်နယ်အဆင့်တွင် ဖိလစ်ပိုင် အားကစားသမားကိုလည်းကောင်း၊ ဆီမီးဖိုင်နယ်အဆင့်တွင် အင်ဒိုနီးရှားအားကစားသမား ကိုလည်းကောင်း အသီးသီး အနိုင်ယူကာ ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ပါသည်။ ဗိုလ်လုပွဲအဆင့်တွင် ဗီယက်နမ်အားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရာ ရှုံးနိမ့်၍ ဒုတိယငွေတံဆိပ်ဆုသာ ရရှိခဲ့ပါသည်။
 
 
ဆက်လက်၍ KICC Convention Center Hall (4)  ၌ ကျင်းပပြုလုပ်သော စနူကာတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာမှ ကိုထက်နှင့် လာအိုအားကစားသမားတို့ ယှဉ်ပြိုင်ကစားကြရာ (၄)ပွဲပြတ်ဖြင့် မြန်မာမှ ကိုထက်ကရှုံးနိမ့်ပြီး ပူးတွဲတတိယကြေးတံဆိပ်သာ ရရှိခဲ့ပါသည်။
 
ဆက်လက်၍ MITEC Hall (1)  ၌ ကျင်းပပြုလုပ်သော ဘော်လီဘော အမျိုးသားပြိုင်ပွဲ တတိယနေရာလုပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းမှ (၃)ပွဲ (၁)ပွဲဖြင့် ရှုံးနိမ့်ခဲ့ပါသည်။
 
ဆက်လက်၍ Axiata Arena အားကစားရုံ၌ ကျင်းပပြုလုပ်သော ကြက်တောင်အားကစားနည်းမှ အမျိုးသားကွာတာဖိုင်နယ်ပွဲစဉ်တွင် မြန်မာမှ ဖုန်းပြည့်နိုင်နှင့် ထိုင်းနိုင်ငံအားကစားသမားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ (၂)့ပွဲပြတ်ဖြင့် ရှုံးနိမ့််ခဲ့ပါသည်။
 
 
ဆက်လက်၍ Squash အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်းမှ ဖိလစ်ပိုင်အသင်းကို လည်းကောင်း၊ မြန်မာအမျိုးသမီးအသင်းမှ စကင်ာ္ပူအသင်းကိုလည်းကောင်း အသီးသီးရှုံးနိမ့် ခဲ့ပါသည်။
 
သြဂုတ်လ(၂၈)ရက်နေ့ မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း များမှာ ရွက်လှေ၊ တိုက်ကွမ်ဒို၊ အလေးမ၊ ခရစ်ကတ် ပွဲစဉ်များ ပါဝင်ယှဉ်ပြိုင်ကြမည့် ဖြစ်ကြောင်း သိရှိရပါသည်။ ယနေ့အထိ မြန်မာအားကစားအဖွဲ့များ ရရှိထားသော ဆုတံဆိပ်များမှာ ရွှေ(၇)ခု၊ ငွေ(၉)၊ ကြေး(၁၇)ခု စုစုပေါင်း (၃၃)ခု ရရှိထားကြောင်း သတင်းရရှိပါသည်။
 

back to top Eng