skip to content

 

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၅)ရက်။       

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသက်၂၅နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို သတ်မှတ်အားကစားကွင်းများတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပွဲစဉ်များအဖြစ် နံနက်(၇)ခွဲအချိန် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၃)တွင် ရခိုင်ပြည်နယ်အသင်းနှင့်ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တစ်ဖက်(၂)ဂိုးစီ သရေဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)တွင် မန္တ‌လေးတိုင်းဒေသကြီး အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင် ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ(၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးလေ့ကျင့်ရေး ကွင်း(၃)တွင် ရှမ်းပြည်နယ်အသင်းနှင့်တနင်္သာရီတိုင်းဒေသကြီးအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ(၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

(၂၆.၂.၂၀၂၀)ရက်နေ့တွင် ပြိုင်ပွဲများနားမည်ဖြစ်ပီး (၂၇.၂.၂၀၂၀)ရက်နေ့ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၁)တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၃)တွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘောလုံး အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။                                                                                    

         


back to top Eng