skip to content

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၇)ရက်။       

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်၂၅နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို သတ်မှတ်အားကစား ကွင်းများတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ဦးကျော်ဆန်း၊ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)တွင် ဧရာဝတီတိုင်းဒေသကြီးအသင်း နှင့်မန္တလေးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ (၃)ဂိုး ဂိုး(မရှိ) ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီ တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှင့်တစ်ဖက်ဂိုးမရရှိသောကြောင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင် ကစားကြရာ ထပ်မံ၍ ဂိုးမရှိ(သရေ)ဖြစ်နေသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ (၅)ဂိုး (၄)ဂိုး ဖြင့်လည်းကောင်း  အသီးသီးအနိုင်ရရှိခဲ့သည်။

 

(၂၈.၂.၂၀၂၀)ရက်နေ့တွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့သည် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)တွင်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေး ကွင်း(၃)တွင်လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားကြမည်ဖြစ်ရာ ဘောလုံးအားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။             


back to top Eng