skip to content
ရန်ကုန်၊ သြဂုတ်လ(၂၈)ရက်။
 
(၂၉)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပြိုင်ပွဲများယှဉ်ပြိုင်ပြီးဆုံးပါ၍ ပြန်လည်ရောက်ရှိကြသည့် ဘောလီဘော အမျိုးသား/အမျိုးသမီး အသင်း၊ ကြက်တောင်အသင်း၊ ဖူဆယ် အမျိုးသား/အမျိုးသမီး ဘောလုံး အသင်း၊ Squash ကျေ့ အသင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဌ  ဦးဆောင်သော ငွေတံဆိပ် (၁)ဆုရ ဂျူဒိုအသင်း၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင် ဦးဆောင်သော ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၃)ဆုရ ဘိလိယက်နှင့်စနူကာအသင်း၊ အုပ်ချုပ်သူ၊ နည်းပြအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစား သမား များသည် ယနေ့နေ့လည် (၂)နာရီခွဲက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင် နှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ၊ အားကစား နှင့် ကာယ ပညာသိပ္ပံ(ရန်ကုန်)သင်တန်းကျောင်းမှအားကစားသမားသင်တန်းသား/သင်တန်းသူများက ပန်းစည်းများကမ်း၍ ကြိုဆိုခဲ့ကြောင်း သိရှိရသည်။
 

back to top Eng