skip to content
နေပြည်တော်၊ဇူလိုင်လ(၁၅)ရက်။
အရှေ့တောင်အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂ဝ)ကြိမ် မြောက် အရှေ့တောင်အာရှ အသက်(၂ဝ) နှစ်အောက် (အမျိုးသား) ဘော်လီဘော (20th South East Asian Men's U-20 Volleyball Championship 2018) ပြိုင်ပွဲ Semi Final ပွဲစဉ်များ ကို ယနေ့နေ့လည် (၁၂:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ယှဉ်ပြိုင်ကစားရာ ထိုင်း အသင်းမှ မြန်မာအသင်း(ခ)ကို (၂၅-၁၆)၊ (၂၅-၁၆)၊ (၂၅-၁၂) (၃) ပွဲပြတ်ဖြင့် လည်းကောင်း၊ နေ့လည် (၂:ဝဝ) နာရီ အချိန်တွင် မြန်မာအသင်း (က) မှ မလေးရှားအသင်း ကို (၂၅-၁၇)၊ (၂၅-၁၄)၊ (၂၅-၁၆) (၃)ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပြီး အဆိုပါ ပြိုင်ပွဲများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၁၆.၇.၂ဝ၁၈)ရက်နေ့ တတိယလုပွဲအဖြစ် နေ့လည်(၁၂:ဝဝ) နာရီအချိန်တွင် မြန်မာ အသင်း (ခ)နှင့် မလေးရှားအသင်း တို့သည်လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် နေ့လည် (၂:ဝဝ) နာရီ အချိန်တွင် မြန်မာအသင်း(က) နှင့် ထိုင်းအသင်း တို့သည်လည်းကောင်း ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ အသီးသီးယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲ ဆက်လက်ကျင်းပမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။
 

back to top Eng