Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOMS-၈)နှင့် အခြားဆက်စပ်အစည်းအဝေးများ (Related Meeting) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊အောက်တိုဘာလ(၁ဝ)ရက်။
အာဆီယံအတွင်းရေးမှူးရုံး (ASEC
)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS
) တို့ပူးပေါင်း၍၂ဝ၁၈ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOMS-၈)နှင့် အခြားဆက်စပ်အစည်းအဝေးများ (Related Meeting) အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည်(၁)နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က အမှာစကားပြောကြားရာတွင် အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂ဝ၁၈ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ နေပြည်တော်ရှိ Kempinski Hotel
တွင် ဒုတိယအကြိမ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး အခြားဆက်စပ်အစည်းအဝေးများကိုလည်း အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးနှင့် အစည်းအဝေးများသို့ အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ ဖြစ်သော ဘရူနိုင်း၊ ကမေ္ဘာဒီးယား၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် ဂျပန်နိုင်ငံမှအဆင့်မြင့် ကိုယ်စားလှယ်ကြီးများ စုစုပေါင်း အင်အား (၈၁)ဦး တက်ရောက် ဆွေးနွေးမည်ဟု သိရှိထားပါကြောင်း၊ အာဆီယံ + Japan Women and Sportsအစည်းအဝေးတွင် Physical Education
ဆိုင်ရာကိစ္စများ၊ Women and Sports ဆိုင်ရာ
ကိစ္စများ၊
တားမြစ်ဆေးဝါးနှင့် သက်ဆိုင်သော အကြောင်းအရာများအား ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် အစည်းအဝေးများအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးရန် ပြောကြားပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ အစည်းအဝေးပွဲသို့တက်ရောက်မည့် ကိုယ်စားလှယ်များ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာနိုင်ငံများနှင့် အလွယ်တကူဆက်သွယ်ဆောင်ရွက်နိုင်ရန် WiFi နှင့် SIM Cardများအား စီစဉ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နေ့စဉ်ထုတ်သတင်းစာများနှင့် TV Spot ထုတ်လွှင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေး အတွက်လိုအပ်သော ယာဉ်များထားရှိပေးနိုင်ရေးကိစ္စရပ်များ၊ ပြည်ဝင်ခွင့်ဗီဇာရရှိရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးရှိ တာဝန်ရှိသူများမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော လုပ်ငန်းကော်မတီများနှင့် ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ မိမိတို့ဝန်ကြီးဌာနများအနေဖြင့် တာဝန်ယူ ဆောင်ရွက် ရမည့် လုပ်ငန်းများအား ဆွေးနွေး တင်ပြကြပါသည်။
ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ အထွေထွေကိစ္စရပ်များအား ဆွေးနွေးတင်ပြကြပြီးနောက် ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။
7 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display