skip to content

 

ကွာလာလမ်ပူ သြဂုတ် (၁၆)။

(၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်ပါဝင်ကြမည့် အာဆီယံနိုင်ငံများ နိုင်ငံတော်အလံတင်အခမ်းအနားကို သြဂုတ်လ (၁၆)ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁၀)နာရီအချိန်တွင် ကွာလာလမ်ပူမြို့ရှိ အမျိုးသားအားကစားကွင်း (National Stadium Bukit Jalil) ရှေ့ ရင်ပြင်မှာ ကျင်းပခဲ့ပါသည်။ အလံတင်အခမ်းအနားအပြီးမှာ နိုင်ငံများအလိုက် အားကစားသမား အဖွဲ့ခေါင်းဆောင်များနှင့် (၂၉)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေးအဖွဲ့တို့မှ အမှတ်တရလက်ဆောင်များအပြန်အလှန်ပေးအပ်ကြရာ မြန်မာအားကစားသမားများ အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်တက်ရောက်လက်ခံရယူခဲ့ပါသည်။ မနက် (၁၀: ၄၀)အချိန်မှ အလံတင်အခမ်းအနားပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 


back to top Eng