skip to content

 

ကွာလာလမ်ပူ၊ သြဂုတ်လ (၁၇)ရက်။

              မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ နေသည့် ၂ဝ၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ များကို ကွာလာလမ်ပူမြို့ရှိ အားကစား ကွင်း၊ အားကစားရုံအသီးသီး၌ ကျင်းပပြုလုပ်ရာ Kl sport City  အားကစားကွင်း၌ ကျင်းပပြုလုပ်သော မြားပစ်အားကစားနည်းမှ Compound အသင်းလိုက် ပြိုင်ပွဲကို မြန်မာအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြန်မာအမျိုးသမီး မြားပစ်အသင်းသည် အင်ဒိုနီးရှားအသင်းအား (၂၂၅)မှတ်၊ (၂၂၆)မှတ် ဖြင့်လည်းကောင်း၊ မြန်မာအမျိုးသားမြားပစ် အသင်းသည် ဖိလစ်ပိုင်အသင်းအား (၂၂၄)မှတ်၊ (၂၃၆)မှတ်ဖြင့် ရှုံးနိမ့်ခဲ့ပါသည်။

          ဆက်လက်၍ ကွာလာလမ်ပူမြို့ရှိ Titiwangsa အားကစားရုံ၌ ကျင်းပပြုလုပ်သော ခြင်းလုံးအားကစားနည်း Event-4 ပြိုင်ပွဲကို မြန်မာခြင်းလုံးအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ရာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းမှ (၁၄၉)မှတ်၊ လာအိုအသင်းမှ (၁၄၈)မှတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ထပ်မံဆွတ်ခူး ရရှိခဲ့ပါသည်။

          ဆက်လက်၍ ကွာလာလမ်ပူမြို့ Kinrara Oval အားကစားကွင်း၌ ကျင်းပပြုလုပ်သော ခရစ်ကက်အားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ ထိုင်းအသင်းကို (၆၁) မှတ် (၆၃) မှတ်ဖြင့် ရှုံးနိမ့် သွားပါသည်။

          သြဂုတ်လ(၁၈)ရက်နေ့ ပွဲစဉ်များအဖြစ် မြန်မာအမျိုးသားဘောလုံးအသင်းနှင့် ဘရူနိုင်း ဘောလုံးအသင်းတို့သည် ဒေသစံတော်ချိန် ညနေ (၄)နာရီတွင်လည်းကောင်း၊ မြားပစ် Mix Compound ပြိုင်ပွဲကို လည်းကောင်း၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် မြန်မာနှင့် မလေးရှားအသင်းတို့လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


back to top Eng