spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်အလိုက် အလွတ်တန်း အားကစားပြိုင်ပွဲများ၏ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်အလိုက် အလွတ်တန်း အားကစားပြိုင်ပွဲများ၏ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

တောင်ကြီး၊ ဒီဇင်ဘာ ၂၂

၂၂ - ၁၂ - ၂၀၁၈ ရက်နေ့၊ နေ့လယ်( ၂:၀၀ )နာရီအချိန်၊ တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်းတွင် ၂၀၁၈ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်ဖလား TSDP အစီအစဉ်အရ ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်အလိုက် အလွတ်တန်း အားကစားပြိုင်ပွဲများ၏ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်( ၂၀ ) မြို့နယ်မှ စုစုပေါင်း အားကစားသမား ( ၁၅၂၃ ) ဦး ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။

ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ် က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။

 

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီမှ အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်တာ၀န်ခံများ၊ ပညာရေးကောလိပ်မှ ဆရာ/ဆရာမ များ၊ ပြိုင်ပွဲ၀င် အသင်းများမှ အုပ်ချုပ်/နည်းပြ/အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများမှ ပြိုင်ပွဲ၀င် အားကစားအသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲအား ကြည့်ရှု့အားပေး ခဲ့ပါသည်။


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-%E1%80%A1%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%81%8F-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8