spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအပါအဝင် ရှစ်သင်းယှဉ်ပြိုင်မည်

ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအပါအဝင် ရှစ်သင်းယှဉ်ပြိုင်မည်

 

ရန်ကုန် ဇန်နဝါရီ ၄။

၂ဝ၁၉ ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဖိတ်ခေါ် ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းအပါအဝင် အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဂျပန်ဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဘောလုံး ဖွံ့ဖြိုးရေးအတွက် ယခုပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှ ယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲကို မတ် ၂ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ဂျပန်အသင်းနှင့်အတူ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမေ်ဘာဒီးယား၊ မလေးရှား၊ စင်ကာပူအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့်ပုံစံနှင့် ပွဲစဉ်ဇယားကို ထုတ်ပြန်ခြင်း မရှိသေးဘဲ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပွဲစဉ်များကို ဆက်တိုက်ကစားရဖွယ်ရှိနေသည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယ အဆင့်ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၂၇ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ဒုတိယအဆင့်တွင် ခြေစွမ်းပိုင်းပိုကောင်းသည့်အသင်းများနှင့် ကစားရမည်ဖြစ်သောကြောင့် အချိန်ယူပြင်ဆင်နေခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး ပထမအဆင့်ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ယခုလအတွင်း ပြည်တွင်း ခြေစမ်းပွဲများ စတင်ကစားမည်ဖြစ်သည်။  ကြေးမုံသတင်းစာမှ ကောက်နှုတ်တင်ပြသည်။

 


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%82%E1%80%BB%E1%80%95%E1%80%94%E1%80%BA-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6-%E1%80%9A%E1%80%B0-%E1%81%81%E1%81%89-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%95%E1%80%AB%E1%80%A1%E1%80%9D%E1%80%84%E1%80%BA-%E1%80%9B%E1%80%BE%E1%80%85%E1%80%BA%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%8A%E1%80%BA