နေပြည်တော်၊ ဒီဇင်ဘာ(၇)ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိပြီး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲ အသင်းလိုက်ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ အမျိုးသမီးအသင်းလိုက် (၉)ကီလိုမီတာ ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီးအသင်း၊ ရန်ကုန် တိုင်းဒေသကြီးအသင်း၊ တနသင်ာ္ရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ မကွေးတိုင်းဒေသကြီး အသင်းမှ ပထမ၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ တတိယ ဖြင့်လည်းကောင်းအသီးသီး အနိုင်ရရှိသွားပါသည်။
ဆက်လက်၍ အမျိုးသားအသင်းလိုက် (၁၅)ကီလိုမီတာပြိုင်ပွဲတွင် တနသင်ာ္ရီ တိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ မွန်ပြည်နယ်အသင်း၊ ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ပထမ၊ တနသင်ာ္ရီတိုင်းဒေသကြီးအသင်းမှ ဒုတိယ၊ မကွေးတိုင်းဒေသကြီးအသင်းမှ တတိယ ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားပါသည်။
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲ ပွဲစဉ်များကို (၈.၁၂.၂ဝ၁၇)ရက်နေ့ နံနက်(၆)နာရီတွင် အမျိုးသမီးတာဝေး(၆ဝ)ကီလိုမီတာ၊ နံနက်(၇) နာရီခွဲတွင် အမျိုးသားတာဝေး(၁ဝဝ) ကီလိုမီတာပြိုင်ပွဲများအား ကျင်းပမည်ဖြစ်ပြီး ၄င်းပြိုင်ပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပမည်ဖြစ်ရာ စက်ဘီးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။