spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပဲခူးခရိုင်(၈)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးခရိုင်(၈)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး၊ ဧပြီလ (၂၆)ရက်။
 
ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ဧပြီလ(၂၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ပဲခူးခရိုင်(၈)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ 
 
ရှေးဦးစွာ တက်ရောက်လာကြသော ပရိတ်သတ်များက နောက်ဆုံးဗိုလ်လုပွဲအဖြစ် သနပ်ပင်မြို့နယ်အသင်းနှင့် ရွှေကျင်မြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှုအားပေးကြသည်။
 
ထို့နောက် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိသူအား ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညှန်ကြားရေးမှူး ဒေါ်သိန်းသိန်းဌေးကလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ဒိုက်ဦးမြို့နယ်အသင်း နှင့် ဝေါမြို့နယ်အသင်းတို့အား ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညှန်ကြားရေးမှူး ဦးအောင်စိုးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်မိုးမိုးအောင်တို့ကလည်းကောင်း၊ ဒုတိယဆုရရှိသော သနပ်ပင်မြို့နယ်အသင်းအား ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဌေးကလည်းကောင် းတစ်ဦးဆုတံဆိပ်များနှင့် ငွေသားဆုများပေးအပ်ချီးမြှင့်သည်။
  
 
ယင်းနောက် ပထမဆုရရှိသော ရွှေကျင်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညှန်ကြားရေးမှူး ဦးစိုးနိုင်ကပေးအပ်ချီးမြှင့်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုတို့အား ပေးအပ်ချီးမြှင့်ကြောင်းသိရသည်။
 
အဆိုပါ ပဲခူးခရိုင်(၈)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ခရိုင်အတွင်းရှိ ဝေါ၊ သနပ်ပင်၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ပဲခူး၊ ဒိုက်ဦး၊ ကဝ၊ ရွှေကျင် စသည့်မြို့နယ်ပါဝင်ပြီး အုပ်စု(က)နှင့်(ခ)ခွဲကာ ဧပြီ(၂၅)ရက်နေ့မှ စတင်ကာ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%B2%E1%80%81%E1%80%B0%E1%80%B8%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%81%88%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%85%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7