spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အားကစားနှင့်ကာယပညာသိပ္ပံ(ဟားခါး) အုပ်ချုပ်မှုရုံး ရတနာပန္နက်တော်တင် အခမ်းအနားသို့ တက်ရောက်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အားကစားနှင့်ကာယပညာသိပ္ပံ(ဟားခါး) အုပ်ချုပ်မှုရုံး ရတနာပန္နက်တော်တင် အခမ်းအနားသို့ တက်ရောက်

 

ဟားခါး ဧပြီ ၂၉ရက်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ်ပံ (ဟားခါး) တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့် မြေပြုပြင်ပြီးမှုအခြေအနေ၊ မြေသားလမ်းသစ် ဖောက်လုပ်မည့်အခြေအနေ၊ ရေနှင့်လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်ထားမှုအခြေအနေ၊ အရည်အသွေးပြည့်မီသည့် အဆောက်အဦများဖြစ်စေရန် ဆောင်ရွက်ထားရှိသည့်အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။ ဒုတိယသမ္မတက ငွေကျပ် ၁၅ သိန်း တန်ဖိုးရှိ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) အုပ်ချုပ်မှုရုံး ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ ဟားခါးနှစ်ခြင်း ခရစ်ယာန်အသင်းတော်၏ သိက္ခာတော်ရ ဆရာတော် Dr.စတီးဗန်လျန်ဟုပ်လင်းက ဆုတောင်းစကား ပြောကြားသည်။

 

ဒုတိယသမ္မတ၊ ပြည်နယ်၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများက သတ်မှတ်နေရာများတွင် ရတနာပန္နက်တင်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။အဆိုပါ အားကစားနှင့်ကာယပညာသိပ္ပံ (ဟားခါး)ကို ဟားခါးမြို့ မြောက်ဖက် တစ်မိုင်ခန့်အကွာ ပင်လယ်ရေ မျက်နှာပြင် အထက် ၄၁၃၀ပေ အမြင့်ရှိ ဟိုင်တလန် ရေကူးကန်အနီး (၅၆ ဒသမ ၉၄) ဧက ကျယ်၀န်းသည့် မြေနေရာတွင် တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်မှုပြီးစီးပါက ပြေးခုန်ပစ်၊ မြားပစ်၊ လက်ဝှေ့၊ ဂျူဒို၊ ကရာတေးဒို စသည့် အားကစားနည်းများကို လေ့ကျင့်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90-%E1%80%A6%E1%80%B8%E1%80%9F%E1%80%84%E1%80%BA%E1%80%94%E1%80%9B%E1%80%AE%E1%80%97%E1%80%94%E1%80%BA%E1%80%91%E1%80%AE%E1%80%B8%E1%80%9A%E1%80%B0-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%AD%E1%80%95%E1%80%B9%E1%80%95%E1%80%B6%E1%80%9F%E1%80%AC%E1%80%B8%E1%80%81%E1%80%AB%E1%80%B8-%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8