ရန်ကုန် ဇွန် (၁၀ )
အိုလံပစ်နေ့အထိမ်းအမှတ်ပြိုင်ပွဲ၊ အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာအလေးမပြိုင်ပွဲများအတွက် လက်ရွေးစင်အလေးမ အားကစားသမားများ ရွေးချယ်ပွဲကို ဇွန်၂၆ရက်တွင် ရန်ကုန်မြို့ အောင်ဆန်းအားကစား ပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင်အမျိုးသမီး ၄၅၊ ၄၉ ၊ ၅၅ ကီလိုတန်း စုစုပေါင်း ၁၄၀ ကီလိုဖြင့် လည်းကောင်း၊ ၅၉ ၊ ၆၄ ၊ ၇၁ နှင့်အထက် ကီလိုတန်းများအတွက် စုစုပေါင်း ၁၆၀ ကီလို ဖြင့်လည်းကောင်း၊ အမျိုးသား ၅၅၊ ၆၁ ၊ ၆၇ ကီလိုတန်းများအတွက် စုစုပေါင်း၂၃၀ ကီလိုတန်းဖြင့် လည်းကောင်း၊ ၇၃ နှင့်အထက် ကီလိုတန်းများအတွက် စုစုပေါင်း၂၅၀ ကီလိုဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသော အားကစားသမားများသည် ဇွန် ၂၁ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်ရုံး အီးမေးလ်
mwf1946.mm@gmail.com သို့ ဖြစ်စေ၊ စာရင်းပေးသွင်းနိုင်ပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉-၉၇၂၃၉၉၉၈၈ သို့ ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း သိရသည်။
#Credit: အာကာစို