ရန်ကုန် ဇွန် ၁၉
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန၏လမ်းညွှန် မှုဖြင့် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ကြီးမှူးကျင်းပ သည့် အိုလံပစ်နေ့အထိမ်းအမှတ် ဘိလိယက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း အဖွဲ့ချုပ်လေ့ကျင့်ရေးရုံး၌ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲ၌ လက်ရှိချန်ပီယံ အားကစားသမား ခုနစ်ဦးက ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ဇွန်၂၁ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ဆုကြေးများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် မြန်မာနိုင်ငံကအိမ်ရှင် အဖြစ် စက်တင်ဘာ ၉ ရက်တွင် လက်ခံကျင်းပမည့် ကမ္ဘာ့ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို မန္တလေး မြို့၌ကျင်းပရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ - ကာအာစိုး