spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မိုင်းယောင်း၌ အားကစားပြိုင်ပွဲ ဆုပေးပွဲကျင်းပ

မိုင်းယောင်း၌ အားကစားပြိုင်ပွဲ ဆုပေးပွဲကျင်းပ

 

မိုင်းယောင်း ၃ ဇူလိုင် 

 

မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP) အစီအစဉ်အရ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့တွင် အားကစားပြိုင်ပွဲများကို ဇွန် ၂၈ ရက်က စတင်ကျင်းပလျက်ရှိရာ ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများအတွက် ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့မအားကစားရုံ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မိုင်းဖြတ်မြို့နယ် အား/ကာမှူး ဦးအောင်ကြည်စိုးထွေးနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲအသီးသီးတွင် အနိုင်ရအသင်းများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ဇွန် ၂၉ ရက်က ကျင်းပခဲ့ပြီး ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇူလိုင် ၁၀ ရက်တွင် မြို့မအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%81%8C-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95