မိုးနဲ သြဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ၂၀၁၉ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား ရပ်ကွက်နှင့်ကျေးရွာအုပ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွင်းပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ်(၁) ဦးစိုင်းမွန်းလိန် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲကို နမ့်မော်ဆွမ့်အသင်းနှင့် ပေါ့မိုင်း(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နမ့်မော်ဆွမ့်ဘောလုံးအသင်းက တစ်ဂိုး သုည ဖြင့် အနိုင်ရရှိခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဖလားကို ဆွတ်ခူးရရှိခဲ့သည် ။ ယင်းနောက် ဆုပေးပွဲကိုကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် ကကျေးဇူး တင်စကား ပြောကြားခဲ့ပြီး ပထမဆုရရှိသော နမ့်မော်ဆွမ့်ဘောလုံးအသင်း ၊ ဒုတိယဆုရရှိသော ပေါ့မိုင်း (ခ) ဘောလုံးအသင်း ၊ တတိယဆုရရှိသော လွိုင်မြေဘောလုံးအသင်းနှင့် ရှေ့တန်း ၊ နောက် တန်း ၊ အလယ်တန်း ၊ ဂိုး ၊ အသင်းလိုက်အကောင်းဆုံး အားကစားဆုများအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် အ.ထ.က ကျောင်းသား ကျောင်းသူလေးများက ဘင်ခရာ၊ ပန်းပွား အကဖြင့် လည်းကောင်း ၊ အ.လ.က(မြို့မ) ကျောင်းသူလေးများက Myanmar Fitness Dance အက ဖြင့် လည်းကောင်း ၊ ရှမ်းစာပေ ယဉ်ကျေးမှုအကအဖွဲ့က ထုတ်လီဟုခင်းတို ရှမ်းတေးသီချင်းဖြင့် လည်းကောင်း အသီးသီးကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)