spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ

၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ

နေပြည်တော်၊ အောက်တိုဘာ (၁၈)ရက်။        

၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ညနေ(၂)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကာ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး(၆ဝ)ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်း (တနင်္သာရီ)မှ နှင်းဝေလွင်(ဧရာဝတီ) ကိုလည်းကောင်း၊ အမျိုးသား(၅၂)ကီလိုတန်းပြိုင်ပွဲတွင် ဇော်ဇော်အောင်(တနင်္သာရီ)မှ သူရ(ရန်ကုန်) ကိုလည်းကောင်း၊ အမျိုးသား(၆၄)ကီလိုတန်းပြိုင်ပွဲ တွင် စောဇော်သန်း (ကရင်)မှ နေလင်းနိုင်(ပဲခူး) ကိုလည်းကောင်း၊ အမျိုးသား(၇၅)ကီလိုတန်းပြိုင်ပွဲတွင် ကျော်ခိုင်ထွန်း(မွန်)မှ ရဲဝင်းနိုင်(တနင်္သာရီ) ကိုလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။

 

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး(၆ဝ)ကီလိုတန်းပြိုင်ပွဲတွင်   ပထမ ကေသွယ်ငြိမ်း (တနင်္သာရီ)၊ ဒုတိယ နှင်းဝေလွင်(ဧရာဝတီ)၊ ပူးတွဲတတိယဆုရရှိသော နန်းမလွမ်းပို(ကရင်)နှင့် ဘောင်ဝါ(ချင်း)၊ အမျိုးသား(၅၂) ကီလိုတန်းပြိုင်ပွဲတွင် ပထမ ဇော်ဇော်အောင် (တနင်္သာရီ)၊ ဒုတိယ သူရ(ရန်ကုန်)၊ ပူးတွဲတတိယဆုရရှိသော သူရလင်း(စစ်ကိုင်း)နှင့် ဝေစိုး(ဧရာဝတီ)၊ အမျိုးသား(၆၄) ကီလိုတန်းပြိုင်ပွဲတွင် ပထမ စောဇော်သန်း (ကရင်)၊ ဒုတိယ နေလင်းနိုင်(ပဲခူး)၊ ပူးတွဲ တတိယဆုရရှိသော ဒိုငိုက်ဆန်း(မကွေး)နှင့် ကျော်ဝေစိုး(မွန်)တို့အား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ အမျိုးသား(၇၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ကျော်ခိုင်ထွန်း(မွန်)၊ ဒုတိယ ရဲဝင်းနိုင်(တနင်္သာရီ)၊ ပူးတွဲတတိယဆုရရှိသော အောင်ထက်နိုင်ဦး(ရှမ်း)နှင့် ကျော်ရဲထူး(ပဲခူး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း မှလည်းကောင်း၊ အကောင်းဆုံး အားကစားသမားဆုရရှိသော အမျိုးသား(၆၈) ကီလိုတန်းပြိုင်ပွဲမှ နုတ်မာရ်(ကချင်)နှင့် အကောင်းဆုံးအားကစားသမားဆုရရှိသော အမျိုးသမီး(၅၇) ကီလိုတန်းပြိုင်ပွဲမှ နွေဦးခိုင်(စစ်ကိုင်း) တို့အား  အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊

 

ဆက်လက်၍ ရွှေ(၂)ခု၊ ငွေ(၁)ခု၊ ကြေး(၃)ခုဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်း၊ ရွှေ(၄)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိသွားသော တနင်္သာရီတိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည်းကောင်း၊

ဆက်လက်၍ ရွှေ(၅)ခု၊ ငွေ(၃)ခု၊ ကြေး(၂)ခုဖြင့် စုပေါငး်တံခွန်စိုက်ဒိုင်းဆုရရှိသွားသော တနင်္သာရီ တိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%9C%E1%80%80%E1%80%BA%E1%80%9D%E1%80%BE%E1%80%B1%E1%80%B7%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A