spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မတူပီ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလှုပ်ရှားအားကစား စုပေါင်းလမ်းလျှောက်ပွဲနှင့်Physical Fitness Dance နှင့် ကိုလက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်

မတူပီ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလှုပ်ရှားအားကစား စုပေါင်းလမ်းလျှောက်ပွဲနှင့်Physical Fitness Dance နှင့် ကိုလက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်

 

မတူပီ

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလှုပ်ရှားအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်၆ နာရီအချိန်က စုရပ်ရှစ်လမ်းဆုံမှ မတူပီ-ပလက်ဝလမ်းအတိုင်းဗိုလ်တိုက်ချွန်းအားကစားကွင်း အထိစုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်နေပြည်သူများနှင့်ကျောင်းသူကျောင်းသားများ (၂၁၀ဝ)ဦးခန့် ပါဝင်ခဲ့ ကြပြီး ဗိုလ်တိုက်ချွန်း အားကစားကွင်း၌ Physical Fitness Dance နှင့် ကိုလက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလှုပ်ရှားအားကစား စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်သူများအား မြို့နယ်ပညာရေးဦးစီးဌာနက ကောက်ညှင်းပေါင်းနှင့် ရေသန့်ဘူးများ ပေးဝေခဲ့သည်။ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင်ကျင်းပမည့် (တတိယပတ်) လူထုလှုပ်ရှားအားကစား စုပေါင်းလမ်းလျှောက်ပွဲတွင် ကလေးငယ်များအတွက် အပျော်တမ်းပြိုင်ပွဲများ ကျင်းပပေးသွားမည် ဖြစ်ကြောင်း အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှီးမွန် ထံမှ သိရသည်။

 

ဆလိုင်းအောင်(ပြန်/ဆက်)


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%90%E1%80%B0%E1%80%95%E1%80%AE-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%80-%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%9E%E1%80%B1%E1%80%AC-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%90%E1%80%BA