spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > 2019, POCARI SWEAT RUN မာရသွန်အပြေးပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန် တက်ရောက် တာလွှတ်ပေး

2019, POCARI SWEAT RUN မာရသွန်အပြေးပြိုင်ပွဲသို့ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန် တက်ရောက် တာလွှတ်ပေး

ရန်ကုန်၊ ဒီဇင်ဘာလ(၁၅ )ရက်။        

အားကစားလှုပ်ရှားမှုတိုင်းတွင် ပြည်သူတစ်ရပ်လုံး ပါ၀င်လှုပ်ရှား ကစားလာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရေးနှင့် မြန်မာ့ပြေးခုန်ပစ် အားကစားနည်းတစ်ရပ်ဖြစ်သည့် မာရသွန်အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေးနှင့် "RUN for HEALTH, RUN  TOGETHER"  ဆောင်ပုဒ် နှင့်အညီ ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကူညီမှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် POCARI  SWEAT RUN Co.,Ltd  တို့ ပူးပေါင်းကျင်းပသည့်  ၂၀၁၉ ခုနှစ် POCARI  SWEAT RUN မာရသွန်ပြိုင်ပွဲကို ယနေ့နံနက် (၄)နာရီခွဲက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊   ရန်ကုန်တိုင်းဒေသကြီးလူမှုရေး၀န်ကြီး ဦနိုင်ငံလင်း၊ အားကစားနှင့်ကာယပညာ သိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီးအားကစား နှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာ၀န်ရှိသူများ၊ Otsuka  Myanmar Co.,Ltd မှManaging Director Makoto  Ikemoto နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
 

အစီအစဉ်အရ POCARI  SWEAT RUN မာရသွန်အပြေးပြိုင်ပွဲ၊ ဖွင့်ပွဲအစီအစဉ်ကို ဆက်လက်ကျင်းပရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊  ရန်ကုန်တိုင်းဒေသကြီးလူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်Managing Director Makoto  Ikemoto တို့က ပြိုင်ပွဲ၀င်အားကစားသမား (၅၀၀၀)ရှေ့သို့ လေဘူးပေါင်းများပစ်ဖောက်ပေး၍ ပြိုင်ပွဲအား စတင်ကျင်းပ ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ပြီး  ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊  ရန်ကုန်တိုင်းဒေသကြီးလူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်တို့က  (၂၁)ကီလိုမီတာနှင့်(၁၀)ကီလိုမီတာ မာရသွန် အပြေးပြိုင်ပွဲအား စတင် တာလွှတ်ပေး၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း နှင့်Makoto  Ikemoto တို့က (၈)ကီလိုမီတာနှင့်(၅)ကီလိုမီတာ မီနီမာရသွန် အပြေးပြိုင်ပွဲအား အသီးသီးစတင် တာလွှတ်ပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲအပြီးတွင် Otsuka  Myanmar Co.,Ltd မှ Managing Director Makoto  Ikemoto နှင့် တာ၀န်ရှိပုဂ္ဂိုလ်များက (၂၁)ကီလိုမီတာ LOCALS အမျိုးသားမာရသွန်ပြိုင်ပွဲတွင်  ပထမဆုရ စန်းနိုင်အား ဆုတံဆိပ်နှင့်အတူ အမေရိကန်ဒေါ်လာ(၁၅၀၀) ၊ ဒုတိယဆုရ စိုးနိုင်အား ဆုတံဆိပ်နှင့် အမေရိကန် ဒေါ်လာ(၁၀၀၀)၊ တတိယဆုရကျော်သင်းစံအား ဆုတံဆိပ်နှင့်အတူ အမေရိကန် ဒေါ်လာ(၅၀၀)တို့ကိုလည်းကောင်း၊ (၂၁)ကီလိုမီတာ LOCALS အမျိုးသမီးမာရသွန်ပြိုင်ပွဲ၌  ပထမဆုရ အေးအေးသန်းအား ဆုတံဆိပ်နှင့်အတူ အမေရိကန်ဒေါ်လာ (၁၅၀၀) ၊ ဒုတိယဆုရ ခင်မာဆယ်အား ဆုတံဆိပ်နှင့်အတူ အမေရိကန်ဒေါ်လာ(၁၀၀၀)၊ တတိယဆုရ မြင့်မြင့်အေးအား ဆုတံဆိပ်နှင့်အတူ အမေရိကန် ဒေါ်လာ(၅၀၀)တို့ကိုလည်းကောင်း၊  (၂၁) ကီလိုမီတာ Interational အမျိုးသား/အမျိုးသမီးပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ နှင့်တတိယဆု ရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်၍လည်းကောင်း၊  (၁၀)ကီလိုမီတာ LOCALS အမျိုးသား မာရသွန်ပြိုင်ပွဲ၌  ပထမဆုရ ဇာနည်ထွန်းအား ဆုတံဆိပ်နှင့်အတူ အမေရိကန်ဒေါ်လာ (၁၀၀၀) ၊ ဒုတိယဆုရ ၀င်းနိုင်ထွန်းအား ဆုတံဆိပ်နှင့်အတူ အမေရိကန် ဒေါ်လာ(၅၀၀)၊ တတိယဆုရ ကျော်ထွန်းအား ဆုတံဆိပ်နှင့်အတူအမေရိကန် ဒေါ်လာ(၂၅၀)တို့အားလည်းကောင်း၊  (၁၀)ကီလိုမီတာ LOCALS အမျိုးသမီး မာရသွန်ပြိုင်ပွဲ၌  ပထမရရှိသူအား ဆုတံဆိပ်နှင့်အတူ အမေရိကန်ဒေါ်လာ (၁၀၀၀) ၊ ဒုတိယရရှိသူအား ဆုတံဆိပ်နှင့်အတူ အမေရိကန် ဒေါ်လာ(၅၀၀)၊ တတိယရရှိသူအား ဆုတံဆိပ်နှင့်အတူ အမေရိကန် ဒေါ်လာ(၂၅၀)တို့အားလည်းကောင်း၊  (၈)ကီလို မီတာနှင့် (၅)ကီလိုမီတာInterational အမျိုးသား/ အမျိုးသမီးပြိုင်ပွဲတွင် ပထမ ၊ဒုတိယ နှင့် တတိယ ဆုများကို အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်၍ ဆုရရှိသူများအား တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

 


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/2019-pocari-sweat-run-%E1%80%99%E1%80%AC%E1%80%9B%E1%80%9E%E1%80%BD%E1%80%94%E1%80%BA%E1%80%A1%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94