spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အင်းစိန်တွင် ဒုတိယပတ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

အင်းစိန်တွင် ဒုတိယပတ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကျင်းပ


 

ရန်ကုန် ဒီဇင်ဘာ ၁၅

ကိုယ်လက်လှုပ်ရှား အားကစား ကျန်းမာကြံ့ခိုင်စေရန်အတွက် ဒီဇင်ဘာ အားကစားလ ဒုတိယပတ် လူထု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစား လှုပ်ရှားမှုများကို ရန်ကုန်တိုင်းဒေသ ကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် မင်းကြီးလမ်း(ဗဟိုလမ်း)ထောင့်နှင့် လမ်းသစ်လမ်းမကြီးမြို့နယ် ကျန်းမာ ရေးရုံးရှေ့ (ပန်းခြံအနီး) စုရပ်နေရာ၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီက ကျင်းပသည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက် ပွဲတွင် အင်းစိန်မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်၊ မြို့နယ်အဆင့်၊ တာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှု ရေး ပရဟိတအဖွဲ့များ၊ ဆရာ ဆရာမ များ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာပါသူများ၊ ပြည်သူ များ ပူးပေါင်းပါဝင်ကြကာ အင်းစိန် လမ်းသစ်လမ်းမကြီးမှ ရွှေပြည်အေး လမ်းတစ်လျှောက် ဘူတာရုံလမ်း အတိုင်း မြန်မာ့မီးရထားဘောလုံးကွင်း အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြို့နယ်အားကစားမှူးနှင့် နည်းစနစ် မှူးများ ဦးဆောင်ပြီး ကိုယ်လက်ကြံ့ခိုင် ရေး လေ့ကျင့်ခန်းအတွဲ(၁)၊ အတွဲ(၂)တို့ကို စုပေါင်းပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဉာဏ်လင်း

 


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AD%E1%80%94%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%90%E1%80%BA-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9C-%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95