spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ-တရုတ်ချစ်ကြည်ရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် နယ်စပ်ဖြတ်ကျော် မာရသွန် အပြေးပြိုင်ပွဲ ကျင်းပမည်

မြန်မာ-တရုတ်ချစ်ကြည်ရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် နယ်စပ်ဖြတ်ကျော် မာရသွန် အပြေးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန် ဒီဇင်ဘာ ၁၆

မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး နှစ်(၇၀) ပြည့် အထိမ်း အမှတ် လုပ်ငန်းစဉ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် နယ်စပ် ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကြီးကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၆ ရက် ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Yangon ဟိုတယ်တွင် ကျင်းပသည့် နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ကျင်းပရေးနှင့် အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းပွဲအခမ်းအနားမှ သိရသည်။

“နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြေးပွဲကို တတိယအကြိမ် မြောက် ကျင်းပမှာဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား ပိုပြီးတော့ ချစ်ကြည် ရင်းနှီးမှုရအောင်ဆိုတဲ့ သဘောပါ။ တရုတ်-မြန်မာချစ်ကြည်ရေးနှစ် (၇၀) ပြည့်မြောက် နှစ်နိုင်ငံသံတမန် ဆက်ဆံတဲ့နှစ်လည်းဖြစ်တယ်။ အဲဒီ ကာလ လုပ်ရမယ့်အထဲမှာ ဒီအားကစားနဲ့ ကာယပညာလုပ်ငန်း တွေလည်း ပါပါတယ်။ လုပ်ငန်းပေါင်း ၇၀ ကျော်လောက်ပါပါတယ်” ဟု မြန်မာ -တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးစိန်၀င်းအောင်က ပြောသည်။

 

အဆိုပါ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲအား မြန်မာနိုင်ငံ မူဆယ်ဘက်မှ စတင်ကာ တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲရှိ ရွှေလီမြို့ထိ ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်ရက်အား တက်ဟုန်းပြည်နယ် ခွဲမှ ဒီဇင်ဘာလကုန်တွင် အကြောင်းပြန်သွားမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။

အာကာစိုး

 


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%81%E1%80%BB%E1%80%85%E1%80%BA%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%87%E1%81%80%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%B7-%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%94%E1%80%9A%E1%80%BA%E1%80%85%E1%80%95%E1%80%BA%E1%80%96%E1%80%BC%E1%80%90%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA-%E1%80%99%E1%80%AC%E1%80%9B%E1%80%9E%E1%80%BD%E1%80%94%E1%80%BA-%E1%80%A1%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2