spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဗီယက်နမ်နိုင်ငံ ဘင်ဒေါင်းမြို့၌ ကျင်းပခဲ့သည့် ဗီယက်နမ် BTV Cup ပြိုင်ပွဲတွင် တတိယဆုရခဲ့သည့် မြန်မာလူငယ်အသင်းရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိ

ဗီယက်နမ်နိုင်ငံ ဘင်ဒေါင်းမြို့၌ ကျင်းပခဲ့သည့် ဗီယက်နမ် BTV Cup ပြိုင်ပွဲတွင် တတိယဆုရခဲ့သည့် မြန်မာလူငယ်အသင်းရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိ

၁၉ ဒီဇင်ဘာ

ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဘင်ဒေါင်းမြို့၌ ကျင်းပခဲ့သည့် ဗီယက်နမ် BTV Cup ပြိုင်ပွဲတွင် တတိယဆုရခဲ့သည့် မြန်မာလူငယ်အသင်းသည် ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိလာရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အကြံပေး ဦးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

မြန်မာလူငယ်အသင်းသည် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းနှင့် တွေ့ဆုံခဲ့ပြီး သာမန်ပွဲကစားချိန် မိနစ် ၉၀ တွင် သုံးဂိုးစီသရေ၊ အချိန်ပိုမိနစ် ၃၀ တွင် တစ်ဂိုးစီသရေကျနေ၍ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ ငါးဂိုး-လေးဂိုး၊ စုစုပေါင်း ကိုးဂိုး-ရှစ်ဂိုးဖြင့် အရေးနိမ့်ပြီး တတိယလုပွဲကစားခဲ့ရသည်။ 

တတိယနေရာလုပွဲတွင် ကမ္ဘောဒီးယားအသင်းနှင့် တွေ့ဆုံခဲ့ရာ လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပြိုင်ပွဲ၏ သွင်းဂိုးအများဆုံးဆုကို မြန်မာအသင်းတိုက်စစ်မှူး လမင်းထွေးက ရရှိခဲ့သည်။ မြန်မာလူငယ်အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲ လေးခုယှဉ်ပြိုင်ခဲ့ရာ ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲတွင်ချန်ပီယံ၊ တရုတ်တိုင်ပေဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယ၊ ယခု ဗီယက်နမ် BTV Cup ဖိတ်ခေါ်ပြိုင်ပွဲတွင် တတိယဆုတို့ ရရှိခဲ့သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MFF


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%97%E1%80%AE%E1%80%9A%E1%80%80%E1%80%BA%E1%80%94%E1%80%99%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-%E1%80%98%E1%80%84%E1%80%BA%E1%80%92%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%81%8C-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%8A%E1%80%B7%E1%80%BA-%E1%80%97%E1%80%AE%E1%80%9A%E1%80%80%E1%80%BA%E1%80%94%E1%80%99%E1%80%BA-btv-cup-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%86%E1%80%AF%E1%80%9B%E1%80%81%E1%80%B2%E1%80%B7%E1%80%9E%E1%80%8A%E1%80%B7%E1%80%BA