ခင်ဦး ၊ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) အသက်(၂၁)နှစ်အောက် ကလပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဗိုလ်လုပွဲတက်ရောက်ခဲ့သော Arkar FC အသင်းနှင့် သိန်းထိုက် FC အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ Arkar FC အသင်းက သိန်းထိုက် FC အသင်းကို (၂) ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဆက်လက် ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမရရှိသော Arkar FC အသင်းကို အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား)ကိုလည်းကောင်း၊ ဒုတိယရရှိသော သိန်းထိုက် FC အသင်းနှင့် တတိယ ရရှိသော MGO FC၊ ရွှေထိမြေ FC အသင်းတို့ကို တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။
ထို့နောက် ပထမရရှိသော Arkar FC အသင်းကို အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ဆုငွေကျပ် တစ်သိန်းကိုလည်းကောင်း၊ သိန်းထိုက် FC အသင်းမှ အကောင်းဆုံး ကစား သမားတစ်ဦးကို ဆုငွေကျပ် သုံးသောင်းကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)