spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား

(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား

လွိုင်ကော် ဇန်နဝါရီ ၁၃

ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို လွိုင်ကော်မြို့ ကန္ဒရဝတီ ဂေါက်ကလပ် ခန်းမဆောင် ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါက်သီး ရိုက် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ပြည်နယ် ဝန်ကြီးချုပ်က (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဂေါက်သီးရိုက် ပြိုင်ပွဲ အချိန်မီ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသူများကို ကျေးဇူး တင်ရှိကြောင်း၊ ပြည်နယ်နေ့အထိမ်း အမှတ် ပွဲတော်တွင် ဂေါက်သီးရိုက် အားကစားကို ထည့်သွင်းနိုင်ခဲ့သည့် အတွက်လည်း ပိုမိုပြည့်စုံကောင်းမွန် ခဲ့ကြောင်း၊ ယခုလို ဂေါက်သီးရိုက် အားကစားပြိုင်ပွဲ ကျင်းပပေးနိုင်ခဲ့ သည့်အတွက် ပြည်နယ်အတွက် သွေးသစ် အားကစားသမားများ ထွက်ပေါ်လာပြီး ယင်းတို့အနက် အမျိုးသမီးတစ်ဦးက ပထမဆုရရှိခဲ့ သလို၊ အသင်းလိုက်ဆုရရှိခဲ့သည့် အတွက်ကိုလည်း ဂုဏ်ယူမိကြောင်း။

ယင်းတို့၏အားဖြင့် နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုအရွေ့ကို ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍ များတွင်နိုင်ငံတကာနှင့် ရင်‌ပေါင်တန်း နိုင်အောင် နောင်လာနောက်သားများ အတွက် အမွေကောင်းများ ပေးနိုင် အောင်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး မနာ လိုစိတ်၊ အာဃာတစိတ်များ မရှိရ အောင်၊ မဖြစ်ရအောင်ပြောင်းလဲနိုင် ရမည် ဖြစ်ကြောင်း၊ နည်းမှန်လမ်းမှန် တိုးတက်နိုင်ရန်အတွက် အားနည်း ချက်များ၊ Mindset များကို ပြုပြင် ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ အားနည်းချက်များကို ပြုပြင်နိုင် အောင် ကြိုးပမ်းကြရန် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဂေါက်သီးရိုက် အားကစား ပြိုင်ပွဲမှတစ်ဆင့် မိမိတို့ပြည်နယ် တိုးတက် မြင့်မားရေးအတွက် ဆောင်ရွက်ပြီးမိမိတို့အကျိုး၊ ပြည်နယ် အကျိုးကို အကောင်းဆုံးပူးပေါင်း ဖော်ဆောင်နိုင်ကြစေလိုကြောင်း ပြော ကြားသည်။

ထို့နောက် ကန္ဒရဝတီ ဂေါက်ကလပ်ဥက္ကဋ္ဌ ဦးဂျော့ချ်မျိုးမြင့် က ပြိုင်ပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
 

ကိုစိုင်း(လွိုင်ကော်)


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%86%E1%81%88%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%80%E1%80%9A%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%94%E1%80%B1%E1%80%B7-%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%A1%E1%80%96%E1%80%BC%E1%80%85%E1%80%BA-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%9E%E1%80%8A%E1%80%B7%E1%80%BA-%E1%80%82%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%9E%E1%80%AE%E1%80%B8%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2