spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစား နှင့်ကာယပညာဦးစီးဌာန နှင့်မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်၊ တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီတို့ပူးပေါင်း၍ (၄၄)ကြိမ်မြောက် ရန်ကုန်လူထု စုပေါင်း စက်ဘီးစီးနင်းပွဲတွင်အားကစားသမား ၅၀၀ ကျော် ပါဝင်ဆင်နွှဲ

အားကစား နှင့်ကာယပညာဦးစီးဌာန နှင့်မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်၊ တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီတို့ပူးပေါင်း၍ (၄၄)ကြိမ်မြောက် ရန်ကုန်လူထု စုပေါင်း စက်ဘီးစီးနင်းပွဲတွင်အားကစားသမား ၅၀၀ ကျော် ပါဝင်ဆင်နွှဲ

ရန်ကုန် ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်၊ တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီနှင့်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ (၄၄)ကြိမ်မြောက် ရန်ကုန်လူထု စုပေါင်း စက်ဘီးစီးနင်း ပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက် ၅ နာရီ ၅၅ မိနစ်တွင် ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် နံ့သာကုန်းပန်းခြံ လမ်းသစ်လမ်းမပေါ်၌ စုရပ်သတ်မှတ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ စက်ဘီးစီးအားကစားသမား ၅၀၀ ကျော် ပါဝင်စီးနင်းခဲ့ကြောင်း သိရသည်။

အစီအစဉ်အရ စက်ဘီးစီးအားကစားသမားများအား ရန်ကုန်မြောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပြီး နံ့သာကုန်း ပန်းခြံလမ်းသစ်လမ်းမစုရပ်မှစတင်၍ လမ်းသစ်လမ်းမကြီး တစ်လျှောက် မင်းကြီးလမ်း(ဗဟိုလမ်း)၊ အောက်မင်္ဂလာဒုံလမ်း၊ ခရေပင်လမ်းခွဲ မှ ရန်ကုန်-ပြည်လမ်းအတိုင်း နံ့သာကုန်း ပန်းခြံရှေ့သို့ ပြန်လည်ပန်းဝင်ရောက်ရှိ ကြသည်။

စက်ဘီးစီးနင်းပွဲသို့ အင်းစိန်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသာအောင်၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ရန်ကုန် တိုင်းဒေသကြီး အား/ကာ ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ အင်းစိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးကြကြောင်း သိရသည်။  (ဉာဏ်လင်း)


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8-%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8-%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8