spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆောမြို့နယ်၌ အားကစားပစ္စည်းများ ကူညီထောက်ပံ့ခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဆောမြို့နယ်၌ အားကစားပစ္စည်းများ ကူညီထောက်ပံ့ခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဆော ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစားပစ္စည်းများကူညီထောက်ပံ့ခြင်းနှင့် အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.ထ.က (လောင်းရှည်) နှင့် အ.ထ.က (ရင်းကဲ) ကျောင်းတို့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အ.ထ.က (လောင်းရှည်) နှင့် အ.ထ.က (ရင်းကဲ) ကျောင်းတို့တွင် အသိပညာပေး ဟောပြောရာ၌ ဂန့်ဂေါခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်းကိုနှင့် ဆောမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန နည်းစနစ်မှူး ဦးအောင်မြင့်ထွန်းတို့က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ အားကစားနှင့်ပတ်သက်သည့် အသိပညာဗဟုသုတ များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းကိုက အဆိုပါ အ.ထ.ကကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများထံ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းများအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)

 


 

    •  
    •  

       

 


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%B1%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%81%8C-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%85%E1%80%B9%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%80%E1%80%B0%E1%80%8A%E1%80%AE%E1%80%91%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%B6%E1%80%B7%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-%E1%80%A1%E1%80%9E%E1%80%AD%E1%80%95%E1%80%8A%E1%80%AC%E1%80%95%E1%80%B1%E1%80%B8