spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ပြည့်နှစ်၊(၇၃)နှစ်မြှောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၀ပြည့်နှစ်၊(၇၃)နှစ်မြှောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်။         

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၀ပြည့်နှစ် (၇၃)နှစ်မြှောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအဖြစ် အပြေးမီတာ ၁၀၀/၂၀၀/၄၀၀/၈၀၀(အမျိုးသား/အမျိုးသမီး)၊သုံးချောင်းထောက်ပြေး(အမျိုးသား/အမျိုးသမီး)၊ဂုန်နီအိတ် စွပ်ပြေး(အမျိုးသား/အမျိုးသမီး)၊ ချောတိုင်တက်(အမျိုးသား)၊ ခေါင်းအုံးရိုက်(အမျိုးသား/ အမျိုးသမီး)၊  ထုပ်ဆီးတိုး (အမျိုးသမီး) ၊ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့နံနက် (၇:၀၀)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားလေ့ကျင့်ရေး ကွင်း(၁) ကွင်း(၂) ကွင်း(၃)၌ ကျင်းပရာကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာဦးပွား၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များဖြစ်ကြသောဦးထွန်းမြင့်ဦး၊ဦးကျော်ဆန်း၊ဦးကျော်ဦးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

 

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ အပြေးမီတာ ၁၀၀/၂၀၀/ ၄၀၀/၈၀၀(အမျိုးသား/အမျိုးသမီး)၊သုံးချောင်းထောက်ပြေး(အမျိုးသား/အမျိုးသမီး)၊ ဂုန်နီအိတ်စွပ်ပြေး (အမျိုးသား/အမျိုးသမီး)၊ ချောတိုင်တက်(အမျိုးသား)၊ ခေါင်းအုံးရိုက်(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများတွင်ဆုရရှိသူများအား  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးထွန်းသန့်၊ ဦးဌေးအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ပြည်ထောင်စုလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြည်အောင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော  ဦးလှအောင်၊ ဦးကျော်ဝင်းဟန်တို့မှ ဆုများအသီးသီးချီးမြှင့်ခဲ့သည်။

 

ယင်းနောက်ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်ထောင်စုလွှတ်တော်အသင်း၊ ဒုတိယ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ တတိယ ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ စတုတ္ထ အလုပ်သမား/လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းတို့အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာဦးပွားမှလည်းကောင်း၊

လွန်ဆွဲ (အမျိုးသမီး)ပြိုင်ပွဲတွင် ပထမဆုရရှိသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်း၊ ဒုတိယ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်း၊ တတိယ ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ စတုတ္ထ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊

လွန်ဆွဲ (အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်း၊ ဒုတိယ ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ တတိယ ပြည်ထောင်စုရာထူးဝန် အဖွဲ့ရုံးအသင်း၊ စတုတ္ထ နေပြည်တော်စည်ပင်အသင်းတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80%E1%80%95%E1%80%BC%E1%80%8A%E1%80%B7%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A%E1%81%87%E1%81%83%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%99%E1%80%BC%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6