spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလီဘောပြိုင်ပွဲကျင်းပ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလီဘောပြိုင်ပွဲကျင်းပ

 

မြိတ်  ၁၉   ဖေဖော်ဝါရီ

မြိတ်တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများအား ထူးချွန်ထက်မြက်သော လူငယ်မောင်မယ်များ ဖြစ်လာစေရန်အတွက် ပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလီဘောပြိုင်ပွဲကို တက္ကသိုလ်အားကစားခန်းမ၌ ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ (၁၈)ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အမျိုးသမီးဗိုလ်လုပွဲပြိုင်ပွဲတွင် မြန်မာစာအသင်းနှင့် ပထဝီဝင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား ဗိုလ်လုပွဲပြိုင်ပွဲတွင် ဘူမိဗေဒအသင်းနှင့် သမိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ အမျိုးသမီး ဗိုလ်လုပွဲတွင် မြန်မာစာအသင်းက (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသား ဗိုလ်လုပွဲတွင် ဘူမိဗေဒအသင်းက (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ပြိုင်ပွဲတစ်‌လျှောက် တာဝန်ယူ ဆောင်ရွက်ပေးကြသည့် ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်၊ ပြိုင်ပွဲတွင်ဒုတိယနှင့် ပထမဆုရရှိကြသော အသင်းများမှ အားကစားသမားများအား ဆုတံဆိပ်များနှင့် အကောင်းဆုံး အားကစားသမားဆုများကို ဒုတိယ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အမျိုးသမီး ဗိုလ်လုပွဲတွင် ပထမဆုရရှိသော မြန်မာစာအသင်း၊ အမျိုးသားဗိုလ်လုပွဲတွင် ပထမဆုရရှိသော ဘူမိဗေဒအသင်းတို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက တံခွန်စိုက် ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ပြိုင်ပွဲတွင် အမျိုးသား (၁၀) သင်း၊ အမျိုးသမီး (၁၀) သင်း ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း ၂၄၀  ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် ပြိင်ပွဲကျင်းပရေးကော်မတီမှ မြိတ်တက္ကသိုလ် ပဏာမလက်ရွေးစင် အားကစားသမားများ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%9B%E1%80%95%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95