spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အားကစား သမားများ လေ့ကျင့်နေမှုများ လိုက်လံကြည့်ရှု စစ်ဆေး

အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အားကစား သမားများ လေ့ကျင့်နေမှုများ လိုက်လံကြည့်ရှု စစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ (၁၃)ရက်။ ။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် (၉)နာရီအချိန်တွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ အားကစား သမားများ လေ့ကျင့်နေမှုများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာယပညာ ဦးစီးဌာနအောက်ရှိ အားကစားကွင်းနှင့် အဆောက်အဦများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ မြန်မာ့လက်ရွေးစင် ပီတန်းအားကစားသမားများ၏ လေ့ကျင့်နေမှုများ၊ Fitness Center (GYM)ခန်းမ၌ ဂျပန်နည်းပြဆရာမှ မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများနှင့် ဝှူရှူးအားကစားသမားများအား Physical Training (GYM)နည်းစနစ်များ လက်တွေ့သင်ကြား လေ့ကျင့်ပေးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း တွင် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမားများနှင့် ပိုက်ကျော်ခြင်း အားကစားသမားများ၏ လေ့ကျင့်နေမှုကိုလည်းကောင်း၊ မြားပစ်အားကစားသမားများအား ကိုရီးယားနည်းပြဆရာမှ စာတွေ့သင်ကြား ပို့ချမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆုတံဆိပ်ရရှိအောင် အားကစားသမားများအားလုံး ကြိုးစားဆောင်ရွက်ကြရန်နှင့် အခက်အခဲများ၊ လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာနအောက်ရှိ ဇမ္မူသီရိမြို့နယ် အားကစားကွင်းအတွင်း အားကစားနှင့် ကာယပညာဦးစီးဌာနရုံးနှင့် ဒုတိယညွှန်ကြားရေးမှူး နေအိမ်တည်ဆောက်ပြီးစီးမှုတို့အား ကြည့်ရှု စစ်ဆေး၍လည်းကောင်း၊ ကွန်ကရစ်လမ်းခင်းကျင်းနေမှု၊ ပွဲကြည့်စင်တည်ဆောက်မည့် မြေနေရာနှင့် ဝန်ထမ်းအိမ်ရာအသစ်တည်ဆောက်မည့် မြေနေရာတို့အားကြည့်ရှုစစ်ဆေးခဲ့ပြီး ပျဉ်းမနားမြို့နယ် ဘောဂဝတီအားကစားကွင်းအသစ် တည်ဆောက်ပြီးစီးမှုနှင့် ဘောလုံးကွင်းအတွင်း ပွဲကြည့်စင် တည်ဆောက်မည့် လျာထားမြေနေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်အားကစားမှူး ရုံး/အိမ် အသစ် တည်ဆောက်ပြီးစီးမှု၊ ရေစင်တည်ဆောက်ပြီးစီးမှုနှင့် ကွန်ကရစ်လမ်းခင်းကျင်းနေမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ပါသည်။

 


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%9B%E1%80%AC%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA-%E1%81%83%E1%81%81%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE