spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီများ ရွေးချယ်တင်မြှောက်ပွဲကျင်းပ

မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ် အလုပ်အမှုဆောင် ကော်မတီများ ရွေးချယ်တင်မြှောက်ပွဲကျင်းပ

ရန်ကုန်၊ ဇွန်လ(၂၉)ရက်။
 
၂ဝ၁၈-ခုနှစ်၊ မြန်မာနိုင်ငံ သေနတ်ပစ််အားကစား အဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် (၂)နာရီက ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ (ပတ္တမြား)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးသန့်ဇင်နှင့်ကော်မရှင် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီလွင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်နှင့်အဖွဲ့ဝင်များ၊ မြန်မာ့လက်ရွေးစင် သေနတ်ပစ် အားကစားသမားများ အစုအဖွဲ့များ၊ အရွေးခံမည့် ကိုယ်စားလှယ်လောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သေနတ်ပစ်ဆပ်ကော်မတီအစုအဖွဲ့များ၊ နည်းပြနှင့် ဒိုင်အစုအဖွဲ့များ တက်ရောက်ကြသည်။
 
အစီအစဉ်အရ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးသန့်ဇင်မှ မဲပေးခွင့်ရှိသူ ကိုယ်စားလှယ်များ စာရင်းအား ဖတ်ကြားခြင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်ဆန်းမြင့်က မဲပေးပုံလုပ်ငန်းစဉ်နှင့် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းတင်ပြပြီးနောက် အရွေးခံမည့် ကိုယ်စားလှယ် လောင်းများနှင့် မဲထည့်ပိုင်ခွင့်ရှိသည့် အစုအဖွဲ့များက မဲများကို စနစ်တကျထည့်ကြကာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်(၁၇)ဦး၏  မဲရလဒ်များ ရေတွက်ခြင်းနှင့် မဲရလဒ်များကို ကြေငြာခြင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များထဲမှ အဖွဲ့ချုပ် ဥက္ကဌ ၊ ဒုတိယဥက္ကဌ အတွင်းရေးမှူး ၊ တွဲဘက်အတွင်းရေးမှူး(၁)နှင့် (၂)တို့က အသီးသီး အဆိုတင်သွင်းကြပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကမြှ ဗဟိုအလုပ်အမှုဆောင် ကော်မတီရာထူးနေရာများအလိုက် အမည်စာရင်းအတည်ပြုပြောကြားပေးသည်။
မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်ဥက္ကဌ ရာထူးရရှိသွားသည့် ဦးကျော်မိုးဝင်းမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များအားလုံး ပြန်လည်ရွေးချယ်တင်မြေ§ာက်ပွဲသည် ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက် ရမည်ဖြစ်သည့် အတွက်ကြောင့် အသစ်ပြန်လည်ရွေးချယ် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဥက္ကဌရာထူးရရှိသူ ကျွန်တော်ဦးကျော်မိုးဝင်းမှ  ပေးထားသည့်တာဝန်များ ၊စည်းမျဉ်းဥပဒေများကို လိုက်နာ ကျင့်သုံးပြီး မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ် ယခုထက်တိုးတက်လာအောင် သေနတ်ပစ် အားကစားအဆင့်အတန်းကို မှတ်တိုင် တစ်ခုအနေဖြင့် နိုင်ငံတော်အတွက် အစွမ်းကုန်  ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် စိုက်ထုတ်ပြီး ဆက်လက်ဆောင်ရွက်သွားစေလိုကြောင်း၊ သေနတ်ပစ်အားကစား ဒီထက်မက တိုးတက်ဖို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များအပြင် ကလပ်အဖွဲ့အစည်းများ၊ ဒေသတွင်း သေနတ်ပစ် အားကစားလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
 
မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ရာထူး နေရာ အလိုက်ရရှိသူ အဖွဲ့ချုပ်ဥက္ကဌအဖြစ် ဦးကျော်မိုးဝင်း၊ ဒုတိယဥက္ကဌဦးမျိုးမြင့်ဦး၊ အတွင်းရေးမှူး ဦးသန်းစိုး ၊တွဲဘက်အတွင်းရေးမှူး(၁) ဦးမြင့်ဟန်၊ တွဲဘက်အတွင်းရေးမှူး(၂) ဒေါ်ဆွေဇင်ငြိမ်းနှင့် အမှုဆောင် (၁၂)ဦး၊ စုစုပေါင်း(၁၇)ဦးဖြင့် အပြီးသတ် အတည်ပြုခဲ့ကြောင်းသတင်းရရှိသည်။
 

Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-%E1%80%9E%E1%80%B1%E1%80%94%E1%80%90%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%A1%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%A1%E1%80%99%E1%80%BE%E1%80%AF%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA-%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%9A%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95