spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ စက်တင်ဘာ(၇)ရက်။
 
၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကိုယနေ့နံနက် (၇)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ ရှမ်းပြည်နယ်အသင်းမှ ကယားပြည်နယ်အသင်းကို(၆)ဂိုး(၃)ဂိုးဖြင့်လည်းကောင်း၊ ညနေ(၃)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း(၁)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်း တိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကြရာ(၁)ဂိုးစီ သရေဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း(၃)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ(၁)ဂိုးစီ သရေဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိခဲ့ကြောင်းသတင်းရရှိပါသည်။
 
 
အဆိုပါ  ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ(၈.၉.၂ဝ၁၈)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်အဖြစ် နံနက်(၇)နာရီအချိန်တွင်ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း(၁)၌ တနသင်ာ္ရီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း တို့သည်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း(၁)၌ နေပြည်တော် အသင်းနှင့် မွန်ပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစား ကွင်း(၃)၌ ကရင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
 

Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%81%E1%81%87-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95