spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီးတံခွန်စိုက်ဆုဖလားများအား ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ဆွတ်ခူးရရှိ

၂ဝ၁၈ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီးတံခွန်စိုက်ဆုဖလားများအား ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ဆွတ်ခူးရရှိ

 
နေပြည်တော်၊ အောက်တိုဘာလ(၁)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ယနေ့ နံနက်(၇:၃ဝ) နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
 
 
 
အမျိုးသားဗိုလ်လုပွဲအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်း နှင့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်း မှ (၃၁-၂၉) (၂၅-၂ဝ) (၂၅-၁၇) (၃) ပွဲပြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပါသည်။
 
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသမီးအကောင်းဆုံး စပေးဘောဆုရရှိသွားသော ကျောနံပါတ် (၄) နန်းဧကရီကျော် (ကျန်းမာရေးနှင့်အားကစား)၊ အကောင်းဆုံး ခုခံဆယ်မဆုရရှိသွားသော ကျောနံပါတ် (၈) သီတာလွင် (ကာကွယ်ရေး)၊ အကောင်းဆုံး ပိတ်ဆို့ဆုရရှိသွားသော ကျောနံပါတ် (၂) စုမွန်သဲ (ဆောက်လုပ်ရေး)၊ အကောင်းဆုံး ရိုက်ခုတ်ဆု ရရှိသွားသော ကျောနံပါတ် (၉)ဝါဝါအေး(ဆောက်လုပ်ရေး)၊ အကောင်းဆုံး ပင့်ထောင်ဆုရရှိသွားသော ကျောနံပါတ် (၁) အေးအေးဝင်း (ကာကွယ်ရေး) တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင် မှ လည်းကောင်း၊ အမျိုးသားအကောင်းဆုံး စပေးဘောဆုရရှိသွားသော ကျောနံပါတ် (၇) ရန်နိုင်စိုး (ကာကွယ်ရေး) ၊ အကောင်းဆုံး ခုခံဆယ်မ ဆုရရှိသွားသော ကျောနံပါတ် (၁၅) ခိုင်ထက်ထွန်း (ပြည်ထဲရေး)၊ အကောင်းဆုံး ပိတ်ဆို့ဆု ရရှိသွားသော ကျောနံပါတ် (၆) ဇော်မျိုးလင်း (ဗဟိုဘဏ်)၊ အကောင်းဆုံး ရိုက်ခုတ်ဆု ရရှိသွားသော ကျောနံပါတ် (၇) ဖြိုးမင်းမောင် (ပြည်ထဲရေး)၊ အကောင်းဆုံး ပင့်ထောင်ဆုရရှိ သွားသော ကျောနံပါတ် (၁) သက်အောင်(ကာကွယ်ရေး) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးမှ လည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။
 
 
 
ဆက်လက်၍ အကောင်းဆုံး အမျိုးသားအားကစားသမားဆုရရှိသွားသော ကျောနံပါတ်(၁ဝ) ညီညီစံ (ကာကွယ်ရေး) နှင့် အကောင်းဆုံး အမျိုးသမီးအားကစားသမားဆု ရရှိသွားသော ကျောနံပါတ်(၅) ညိုလှိုင်ဝင်း (ကာကွယ်ရေး) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ လည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တတိယဆု ရရှိသွားသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ လည်းကောင်း၊ ဒုတိယဆုရရှိသွားသော ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မှလည်းကောင်း၊ ပထမ တံခွန်စိုက်ဆုဖလားရရှိသွားသော ကာကွယ်ရေးဝန်ကြီးဌာန အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသွားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ လည်းကောင်း၊ ဒုတိယဆုရရှိ သွားသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှ လည်းကောင်း၊ ပထမ တံခွန်စိုက်ဆုဖလား ရရှိသွားသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း ဆုတံဆိပ်များနှင့် ငွေသားဆုများအား ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%AE%E1%80%98%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA