နေပြည်တော်၊အောက်တိုဘာလ(၁၁)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၇:၃ဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃) တနင်္သာရီတိုင်းဒေသကြီးအသင်း နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း၊ ညနေ(၃:၃ဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ (၁) ဂိုး စီသရေဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကြရာ မန္တလေးတိုင်း ဒေသကြီးအသင်းမှ နေပြည်တော်အသင်းကို (၄) ဂိုး (၃) ဂိုး ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

(၁၂.၁ဝ.၂ဝ၁၈)ရက်နေ့တွင် အုပ်စုပြိုင်ပွဲများအဖြစ် ညနေ(၃:၃ဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁) ၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်း တို့သည်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။