
ရန်ကုန်၊ နိုဝင်ဘာလ( ၂၈ )ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကူညီပံ့ပိုးကြီးကြပ်မှုဖြင့် ကမ္ဘာ့ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂ဝ၁၈ခုနှစ်၊ ကမ္ဘာ့အဆင့် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကိုနိုဝင်ဘာ(၁၂)ရက်နေ့မှ (၂၇)ရက်နေ့အထိ မြန်မာနိုင်ငံတွင်အိမ်ရှင် အဖြစ်ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း(၃၆)နိုင်ငံမှ ကမ္ဘာ့အဆင့်ဘိလိယက် အားကစားသမားပေါင်း(၁၉၇)ဦးဝင်ရောက်ယှဉ်ပြိုင်ကြရာ ဘိလိယက်အားကစားနည်းဖြစ်သည့် 150up Event ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဘိလိယက်အားကစားသမား နေသွေးဦးသည် ကမ္ဘာ့အဆင့် ပြိုင်ဘက်များကို အနိုင်ရရှိပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ကမ္ဘာ့အဆင့် ဒုတိယငွေတံဆိပ် ဆုကို ရယူပေးနိုင်ခဲ့သော အားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ရပါသည်။

ထို့အပြင် Snooker အားကစားနည်းကို နိုဝင်ဘာလ(၁၉)ရက်နေ့မှ (၂၇)ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံပေါင်း(၂၆)နိုင်ငံမှ အားကစားသမားပေါင်း (၁၅ဝ)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ယမန်နေ့ညနေ(၆)နာရီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် Grand Mersure Hotel ၌ဆက်လက်ကျင်းပခဲ့ရာ ဆုပေးပွဲအခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူများ၊ ကမ္ဘာ့ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ Mr. MUBARAK HAMAD M,s AL - KHAYARIN နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်၊ ဒုတိယဥက္ကဌများနှင့်အမှုဆောင်များ၊ ဖိတ်ကြားထာသူများနှင့် ဆုရအားကစားသမားများတက်ရောက်ကြသည်။

အစီအစဉ်အရ ကမ္ဘာ့ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌမှ ကျေးဇူးတင်စကားပြော ကြားပြီး ဆုပေးပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသမီးစနူကာပြိုင်ပွဲ၌ HIGHEST Break of (89) ရရှိသည့်Ms. SIRIPAPORN NUANTHA KHAMJAN (ထိုင်း)မှ လည်းကောင်း၊ ပူးတွဲတတိယဆုရရှိသည့် Ms. NUTCHARAT WONGHARUTHAI (ထိုင်း)နှင့် Ms. AMEE KAMANI (အိန္ဒိယ)တို့မှ လည်းကောင်း၊ ဒုတိယဆုရ Ms. WENDY JANS (ဘူဂေးရီးယား)မှ လည်းကောင်း၊IBSF WORLD WOMEN SNOOKER -2018 ပြိုင်ပွဲ အတွက် ချန်ပီယံပထမဆုရ Ms. WARAT THANUN SUKRIT THANES (ထိုင်း)မှ လည်းကောင်း အသီးသီးရရှိကြပြီး အဆိုပါဆုများကို ကမ္ဘာ့ဘိလိယက်အဖွဲ့ချုပ်ဥက္ကဌ Mr. MUBARAK HAMAD M,s AL - KHAYARIN နှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးဦးစိုးအောင်မှ လည်းကောင်း၊ အမျိုးသား Master တန်းပြိုင်ပွဲ၌HIGHST Break (137) မှ ရရှိသော Mr.SUTKA KREE POOMJANG (ထိုင်း)မှ လည်းကောင်း၊ ပူးတွဲတတိယဆုရMr. LI JUM BING (တရုတ်)နှင့် Mr.SUTKA KREE POOMJANG (ထိုင်း) တို့မှ လည်းကောင်း၊ ဒုတိယဆုရMr.SALEH MOHAMMED (အာဖဂန်နစ္စတန်)မှလည်းကောင်း၊IBSF WORLD MASTERS SNOOKER ချန်ပီယံ ပထမဆုရ Mr. DARREN MORGAN (ဝေးလ်) မှလည်းကောင်း အသီးသီးရရှိကြပြီး အဆိုပါဆုများ ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက် ၊BLACKSHEILD မှ ဒေါ်မြစိမ်းရီနှင့် Cheery Oo. CEO ဦးကျော်ကျော်မိုးနှင့် အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်ကြီးတို့မှ ဆုများချီးမြှင့်ပေး၍လည်းကောင်း၊IBSF WORLD MEN SNOOKER ပြိုင်ပွဲ၌HIGHEST Break (143) မှတ်ရရှိသည့်Mr. HE GUOOIANG(တရုတ်)မှလည်းကောင်း၊ ပူးတွဲတတိယဆုရ Mr. KEVIN HANSSENS(ဘူဂေးရီးယား)နှင့် Mr. THANAWAT THIRAPONGPAE BOON(ထိုင်း)တို့မှ လည်းကောင်း၊ ဒုတိယဆုရ Mr. HE GUOOIANG(တရုတ်) နှင့် ချန်ပီယံပထမဆုရ Mr. CHANG BINGYU တို့မှ လည်းကောင်းအသီးသီးရရှိကြပြီး အဆိုပါဆုများကို ကမ္ဘာ့ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌMr. MUBARAK HAMAD M,s AL - KHAYARIN၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။